The Giant Exhibition Services Group

 —
Rating
Likes Talking Checkins
2 0
About လုပ်ငန်းစဉ် ၊ ရည်ရွယ်ချက် နှင့် ဖြတ်ကျော်ခဲ့သောမှတ်တိုင်များ
Description လျင်မြန်စွာ တိုးတက်ပြောင်းလဲလျှက်ရှိသော မြန်မာနိုင်ငံ၏ ဈေးကွက်အတွင်းသို့ လူကြီးမင်းတို့ ထုတ်လုပ်ရောင်းချလိုသည့် ကုန်ပစ္စည်း အသစ်များ၏ အရည်အသွေးကို ပိုမို တောက်ပြောင်လာစေရန် The Giant Co.,Ltd. မှ အစွမ်းကုန် ကူညီဆောင်ရွက်လိုပါသည်။

အရည်အသွေးပြည့်ဝသည့် လူကြီးမင်းတို့၏ ကုန်ပစ္စည်းအသစ်များကို ဈေးကွက်ဝေစုတွင် အရေအတွက် အများဆုံးဖြင့် သုံးစွဲသူပြည်သူလူထုထံ ပျံ့နှံ့ ရောက်ရှိနိုင် ရေးကို ရည်ရွယ်၍ ခေတ်မှီဆန်းသစ်သော စိတ်ကူးများဖြင့် ကုန်စည်ပြပွဲကြီးများကို မြန်မာနိုင်ငံရှိမြို့ကြီးများတွင် ခမ်းနားထည်ဝါစွာ ကျင်းပပြုလုပ်နိုင်ရန် The Giant Co.,Ltd. မှ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

လူကြီးမင်းတို့၏ ကုန်ပစ္စည်းအမှတ်တံဆိပ်တို့ကို အချိန်တိုအတွင်း ပြည်သူလူထုထံသို့ လွယ်ကူစွာ ပျံ့နှံ့စေရန်နှင့် ဈေးကွက်အတွင်း ယုံကြည်စိတ်ချရသော ကုန်ပစ္စည်းအမှတ်တံဆိပ် အဖြစ် ကာလရှည်ကြာ ခိုင်မာစွာ ရပ်တည်နိုင်ရေးကို ရည်ရွယ်၍ အစွမ်းကုန် အားဖြည့်ပံ့ပိုး ကူညီဆောင်ရွက်နိုင်ရန်အတွက် တက်ကြွသော လူငယ်တစ်စုဖြင့် ဖွဲ့စည်းထားသော ၀န်ဆောင်မှု ကုမ္မဏီဖြစ်ပါသည်။


မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုလုပ်ငန်း နယ်ပယ်အတွင်းသို့ (၁၉၉၇) ခုနှစ်မှ စတင်၍ Image Media and Advertising အနေဖြင့် စတင်ခြေချ ဆောင်ရွက်ခဲ့ ပါသည်။
မြန်မာနိုင်ငံရှိ ကုန်ပစ္စည်းအသစ်များစွာတို့ကို ဈေးကွက်အတွင်းသို့ အလွယ်တကူထိုးဖောက်နိုင်ရေးအတွက် (၁၄)နှစ်တိုင်တိုင် အထိရောက်ဆုံး ၀န်ဆောင်မှု ပေးခဲ့သည့် ကုမ္မဏီဖြစ်ပါသည်။
မျက်မှောက်ခေတ်တွင် နိုင်ငံတကာ၏ ကျယ်ပြန့်သော ဈေးကွက်အတွင်း သို့ ရဲရင့်ကြီးမားသော ရည်ရွယ်ချက်ဖြင့် ထိုးဖောက်လုပ်ဆောင် လိုသောကြောင့် Image Media and Advertising အသွင်ဖြင့် လူကြီးမင်းတို့၏ ကုန်ပစ္စည်း အသစ်များကို လူထု၏ မျှော်လင့်ချက်အဖြစ် အသွင်ပြောင်းပေးခဲ့သည်မှာ ဆယ်စုနှစ် ကျော်ခဲ့ ပြီဖြစ်ပါသည်။
ထိုမှတစ်ဆင့် လူကြီးမင်းတို့၏ အိပ်မက်များကို လက်တွေ့ နယ်ပယ်ဖြစ်သော ဈေးကွက် အတွင်းသို့ စိတ်ကူးသစ်များဖြင့် ထိုးဖောက် နိုင်ရန်အတွက် The Giant Exhibition Management Services Group ကို တည်ထောင်ခြင်းဖြစ်ပါသည်။
Phone +959420138222
Share

Reviews and rating

Avatar
Rate this event planning / event services